စာရေးသူ

အားလုံးမြင်နိုင်ရန်
Brent Hackett

ဘရဲန့်ဟက်ကက်

ဘရဲန့်ဟက်ကက် သည် ကနေဒါ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း၏ တာဝန်ခံဖြစ်ပြီး၊ ဝင်စယ်၊ အော်ထဲရီယို၊ ထရိုအစ်စ်ရဲဗီးရက်စ်၊ ခယူဘစ်၊ ဗဲန်းကူးဗား၊ ဗြိတိသျှကိုလံဘီယာရှိ ရုံးများကို ကြီးကြပ်သည်။ သတင်းစာပုံနှိပ်ထုတ်ဝေခြင်း၊ ရေဒီယို အသံလွှင့်ခြင်း၊ ခရစ်ယာန် အရောင်းရဆုံးစာအုပ်များလုပ်ငန်းဆိုင်ရာ သူ၏ နောက်ခံအတွေ့အကြုံများဖြင့်၊ ယခုအခါ ကနေဒါနိုင်ငံ အာဘီစီလုပ်ငန်းတိုးချဲ့ပြန့်နှံ့တိုး တက်ခြင်းအပေါ် အာရုံစူးစိုက်ဆောင်ရွက်နေသည်။ ဇနီးမှာ အဲန်ဂျီဖြစ်ပြီး၊ သားသမီး (၄)ဦးနှင့်မြေး(၂)ဦးရှိသည်။

စာမူ/ အကြောင်းအရာ များ ဘရဲန့်ဟက်ကက်

ဒုတိယမွေးခြင်းဆိုသည်မှာ

“ဒုတိယအကြိမ်မွေးဖွားခြင်းဆိုတာ ဘာလဲ။ ဘယ်လိုအဓိပ္ပာယ်ရှိလဲ။ အဲဒီစကားလုံးကို အရင်က တစ်ခါမှ မကြားဖူးခဲ့ဘူး” ဟု စျာပနဦးစီးမှူးက မေးလာသည်။ ထိုအခွင့်အရေးကို အမိအရ စွဲကိုင်လျက် ကွယ်လွန်သူ၏သားဖြစ်သူက ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ ပါ နှုတ်ကပတ်တော်မှ ဒုတိယမွေးခြင်း၏ အဓိပ္ပာယ်ကို ရှင်းပြခဲ့သည်။

“ကျွန်တော်တို့အားလုံး ဒီလောကထဲမှာ တစ်ကြိမ်တစ်ခါ မွေးဖွားလာခဲ့ကြတယ်ဆိုတာက သေချာတဲ့ အချက်အလက်တစ်ခုပဲ။ ကျွန်တော်တို့ရဲ့ ကောင်းတဲ့လုပ်ရပ်တွေနဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ချိန်တွယ်တဲ့ မှော်ချိန်ခွင်မျိုး ဘုရားသခင်ဆီမှာ မရှိပါဘူး။ ကျွန်တော်တို့တတွေ ဝိညာဥ်တော်ကနေ မွေးဖွားဖို့ ဘုရားအလိုရှိတာဖြစ်တယ်။ ဒါကြောင့် ကားတိုင်ပေါ်မှာ ရှင်ယေရှု အသေခံခြင်းဖြင့် ကျွန်တော်တို့ရဲ့အပြစ်ကြွေးတွေကို ဆပ်ပေးပြီး သူနဲ့အတူ ထာဝရအသက်ကို ပိုင်ဆိုင်ရရှိစေခဲ့တယ်။ အဲဒါကို ကိုယ့်ဘာကိုယ် လုပ်ယူလို့မရဘူး” ဟု သူက ပြောပြခဲ့သည်။

ရှင်ယောဟန်ခရစ်ဝင် ၃ ၌ နိကောဒင်သည် ထိုအကြောင်းအရာအားလုံးကို…